ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်သည့်လေ့လာချက်

ဦးရွှေဇံ
နိဒါန်
၁။ “ရိုဟင်ဂျာ” ဆိုသည့်စကားကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက လုံးဝမကြားဖူးကြပါ။ ကြားဖူးရန်လည်းအကြောင်းမရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ (သို့မဟုတ်) အတိအကျပြောရပါလျှင်ယခင်ကရခိုင်တိုင်း၊ယခုရခိုင်ပြည်နယ်တွင်မှီတင်းနေထိုင်ကြသောလူမျိုးစုအထဲတွင် “ရိုဟင်ဂျာ” ဟူသော လူမျိုးမရှိသောကြောင့်ဖြစ်သည်။ ထိုကြောင့် မရှိသောလူမျိုးကို အဓိပ္ပါယ်ဖွင့်ဆိုရန်လည်း အကြောင့်မရှိပါ။ ယုတ္တိမတန်သော အဓိပ္ပပယ်ဖွင့်ဆိုချက်များကိုလည်း အငြင်းပွားရန်မလိုပါ။
၂။ နေရာတွင် အလျည်းသင့်လို့ စာရေးသူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတစ်ရပ်ကို တင်ပြလိုပါသည်။ စာရေးသူသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၅၄ ခုနှစ်တွင် စစ်တွေခရိုင်ကို ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ယူရသည့် သန်းခေါင်စာရင်းအရာရှိဖြစ်ပါသည်။ ထိုစဉ်က စစ်တွေခရိုင်ဝန်မှာ ဦးဦးကျော်ဇံ၊ (နောက်တွင်BPI ဦးကျော်ဇံ ဟု နာမည်ကျော်ကြားသူဖြစ်ပါသည်)။ ခရိုင်မြေစာရင်း အရာရှိမှာ ဦးစံရွှေဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ ကျွန်တော်လ၏က်ထောက်နှစ်ဦးဖြစ်သော ဦးဦးခင်မောင်နှင့် ဦးဦးကျော်ဇောတို့သည် ခရိုင်မြေစာရင်းရုံးတွင် ရုံးဖွင့်ပြီး သန်းခေါင်းစာရင်းကောက်ယူရေး အောင်မြင်မှုအတွက် ခရိုင်ဝန် ဦးဦးကျော်ဇံနှင့် ခရိုင်မြေစာရင်းအရာရှိ ဦးစံရွှေတို့၏အနီးကပ်လမ်းညွှန်မှုကို ခံယူလျှက် အစစအရာရာကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ပါသည်။
၃။ ဤ နေရာမှာ စစ်တွေမြို့နယ်တွင် တွေ့ ရှိရသော အတွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်။ စစ်တွေအနောက်ဖက် ပင်လယ်ကမ်းနားတွင် Sultan Mahmood ပိုင် (သန့်ရှင်း အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးစ်ြခဲ့သူ) အုန်းခြံရှိပါသည်။ ထိုနေရာတွင် မူဆလင်ကုလားများ အစိုင်အခဲနှင့် နေ နေကြသည်သာမက တစ်ဘက်နိုင်ငံမှ ဘုတ်များ၊စက်လှေများဖြင့် အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော နေရာဖြစ်သလို ၄င်းနေရာသို့ မည်သည့်အစိုးရ ဝန်ထမ်းမျှ ဝင်ရောက်စစ်ဆေးနိုင်ရန်မစွမ်းသော နေရာဖြစ်ပါသည်။ မိမိတို့လည်းဝင်ရောက်နိုင်ခဲ့ခြင်းမရှိပါ။
၎။ ထိုစဉ်အခါ ရုံးဖွင့်အချိန် နေ့တိုင်းလိုလိုမှာ စစ်တွေရှိ မူုဆလင်ကုလားများသည် ရုံးသို့စုရုံးရောက်ရှိလာကြပြီး လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ၄င်းတို့ကို လူမျိုးနေရာမှာ “ရခိုင်မူဆလင်” ဟူ၍၄င်း၊ “ရိုဟင်ဂျာ” ဟူ၍၄င်း၊ ထည့်သွင်းပေးရန် တောင်းလာကြပါသည်။ တာဝန်ရှိ သန်းခေါင်စာရင်းအရာရှိတစ်ဦးအနေနှင့် Census Code တွင် ဤ စကားများသုံးရန် မပါရှိလို့လက်ခံလို့မရကြောင်းရှင်းပြသော်လည်းမရဘဲ နေ့စဉ်လိုလိုပင် ရုံးသို့လာရောက်အနှောင့်အယှက်ပေးနေကြပါသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၃၁ ခုနှစ်က နောက်ဆုံးကောက်ခံခဲ့ရာတွင်လည်း မူဆလင် ကုလားများနှင့်ပတ်သက်လို့ အခက်များရှိကြောင်း လော့သိရှိရရာ ကျွန်တော်အနေနှင့် အကျိုးအကြောင်း အဖြစ်အပျက်များကို သန်းခေါင်စာရင်းမင်းကြီးထံ့သို့ အစီအရင်ခံ တင်ပြခဲ့ပါသည်။ သန်းခေါင်စာရင်းမင်းကြီးက သန်းခေါင်းစာရင်းကောက်ခံမှု အောင်မြင်ရေးကို ရှေ့ရှုပြီး အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ၄င်းတို့ပြောဆိုသည့်အတိုင်း လက်ခံထည့်သွင်းထားခြင်းကို သီးခြားမှတ်သားထားရန်နှင့်လ၄င်းတို့ပြောဆိုသည့်အတိုင်း လက်ခံထည့်သွင်းထားရန်အပြင် ထိုသို့ ထည့်သွင်းထားခြင်းကို သီးခြားမှတ်သားထားရန် ညွှန်ကြားလာသဖြင့် ၄င်းညွှန့်ကြားချက်အတိုင်း လိုက်နာပြီးဆောင်ရွက်ခဲ့ပါသည်။
၅။ ၁၉၅၃ ခုနှစ်၊စစ်တွေခရိုင် သန်းခေါင်းစာရင်းကို ကျောက်တော်မြို့နယ်မှအပ ကျန်မြို့နယ်များတွင် သန်းခေါင်းစာရင်းကောက်ယူရမည်ဖြစ်သည့်အလျှောက် ဘူသီးတောင်နှင့် မောင်တောမြို့သို့လည်းသွားခဲ့ရပါသည်။ ဤမြို့ နယ်များတွင် တွေ့ရသောအတွေ့အကြုံမှာ တစ်ဘက်နိုင်ငံ ဘင်္ဂါလီ မျိုးနွယ် (ရခိုင်စကားဟူ၍ မပြောတတ်သူများ) တို့၏ လှုပ်ရှားမှုများမှာ “ဂျမေတူ အူမာ” ဟူသောဘာသာရေးအသင်းက ဦးဆောင်၍ ဗလီများကို အခြေပြုကာ အမျိုးမျိုးလှုပရှားနေကြသည်ကို တွေ့ရပါသည်။ သန်းခေါင်းစာရင်း ကောက်ယူရာတွင် အကူအညီပေးရန်ဟု အကြောင်းပြ၍ Enumerator ဝန်ထမ်းတစ်ဦးကို ကုလားလေး၂ ဦးမှ ၄ ဦးအထိတွဲ၍ ထည့်ပေးရန်၊ ထိုဂျမေတူအူလမာ အသင်းကစိုင်းပြနေကြခြင်းကို တွေ့ရပါသည်။ အကြောင်းသော်ကား သန်းခေါင်းစာရင်းပုံစံရှိ လူမျိုးနေရာတွင်”ရခုင်မူဆလင်” သို့မဟုတ”ရိုဟင်ဂျာ” ဟူ၍ထည့်သွင်း ဖော်ပြစေရန် အတွက်ပင်ဖြစ်ပါသည်။
၆။ ဘူသီးတောင်နှင့် မောင်တောတွင် အတွေ့အကြုံနောက်တစရပ်မှာကား၊ ဘူသီးတောင်တွင် ကျွန်တော်တည်းခိုသော နေရာမှာ ကျွန်တော်၏ အသိအကျွမ်းဖြစ်သူ လူဝင်ကြီးကြပ်ရေးအရာရှိအိမ်မှာ တည်းခိုးခဲ့ပါသည်။ ၄င်းထံမှ သိရသည်မှာ တစ်ဖက်နိုင်ငံမှ မူဆလင်ကုလားများကို ဘူသီးတောင် မောင်တောတို့သို့ ဒလဟော လက်ခံသွင်းနေကြသည်သာမက ကုလားသူကြီးတစ်ဦး၏ထောက်ခံ ချက်ပါလျှင်ပင် မြန်မာနိုင်ငံအလွယ်တကူ ဖြစ်သွားကာ မဲပေးနိုင်ခွင့်ပင်ရှိလာကြောင်းဆိုသည်ကို ကြားရရာ ကျွန်တော်အနေနှင့် လွန်စွာအံ့ဩ စိတ်မကောင်းဖြစ်သွားသဖြင့် ကျွန်တော်က ဘာဖြစ်လို့ ဒီလိုလုပ်ကြသလဲဟု မေးရာ ၄င်းက “မင်းငယ်ပါသေးတယ်ကွာ၊ မင်းဘာမှမသိပါဘူး”ဟုဆိုလာသဖြင့် ကျွန်တော်လည်း ဆက်မပြောတော့ဘဲ စိတ်မကောင်းစွာနှင့်ပင် ငြိမ်နေလိုက်ပါတော့သည်။ ဘူးသီးတောင် မောင်တော၏ မြင်ကွင်းကား ပို၍စိတ်မကောင်းစရာပင် ဖြစ်ပါသည်။ ရခိုင်ဟူ၍မတွေ့ရလောက် ဖြစ်နေပြီဖြစ်ပြီး၊ရခိုင်စကား၊ မြန်မာစကားပင် မပြောတတ်ကြသော မုတ်ဆိတ်ဖားဖားနှင့် ဘင်္ဂါလီ ကုလားများကိုသာ နေရာတိုင်းမှာ တွေ့နေရပါသောကြောင့်ဖြစ်ပါသည်။ ( ဤ ကဲ့သို့သော ဘင်္ဂါလီ ကုလားမျိုးကို သမိုင်းပညာရှင် အချို့က နှစ်ပေါင်း ၈၀၀-၁၀၀၀ လောက်ကပင်ရခိုင်တွင် ရောက်ရှိနေသူများဟု ဆိုနေခြင်းမှာ လွန်စွာပင် အံ့ဩဘွယ်ရာဖြစ်ပါသည်။)
၇။ သန်းခေါင်းစာရင်းကောက်ယူသည့်ကာလ ၅ လကုန်ဆုံး၍ သန်းခေါင်စာရင်း ရန်ကုန်ရုံးချုပ်သို့ပြန်ရောက်ချိန်မှာ သန်းခေါင်းစာရင်းမင်းကြီး ဦးကျော်ခိုင် (I.C.S.Retd:) အထက်ဖော်ပြပါအဖြစ်အပျက်နှင့် ပတ်သက၍ စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန်နှင့် အစီအရင်ခံရန် တာဝန် ဆက်လက်ပေးချက်အရ စစ်တွေမြို့သို့ ပြန်သွား၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် အစီအရင်ခံစာတစ်စောင်ကို ရေးသားတင်ပြခဲ့ပါသည်။
၈။ ၁၉၅၄ ခုနှစ် အစတွင် ကျွန်တော်သည် မြန်မာနိုင်ငံဝန်ထမ်း အကြီးတန်း (B.C.S.Sr.Br.) အရာရှိအဖြစ် ရွေးချယ်ခံရ၍ စစ်ကိုင်းတိုင်းသို့ အလုပ်သင်ရန် ပို့လွှတ်ခဲ့သဖြင့် ကျွန်တော်၏အစီအရင်ခံစာနှင့် ပတ်သက်ပြီး မသိခဲ့ရတော့ပါ။ Parliament သို့အစီအရင်ခံတင်ပြခဲ့ရသည်ဟ၍ူသာ မိတ်ဆွေသန်းခေါင်းစာရင်း အရာရှိများက ပြောပြချက်အရ သိရပါတော့သည်။ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့်ပတ်သက်၍ ပြန်ပြောင်း လေ့လာတင်ပြချက်။
၉။ မူဆလင်များ၏အဆို “ရိုဟင်ဂျာ” ဟူသောအကြောင်းကိုရေးသားတင်ပြသူများသည် British Gazetteer Vol:II and Barma Gazetteer Akyab District Vpl: (A) by R.B Smart ၏စာသားကိုရည်ညွှန်းကိုးကား၍ စတင်ရေးသားကြသည်ကို တွေ့ရပါသည်။ ၁၉၆၀ ခုနှစ် မေလထုတ် The Guardian Burma’s National Magazine တွင် မြန်မာနိုင်ငံသားမူဆလင်စာရေးဆရာ တစ်ဦးကလည်း “ Roewengyas in Arakan” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် ရေးသားထားရာတွင်လည်း “ about 744 A.D Mahataing Chandra ascended the throne of Wethali founded a new city on the site of the old Ramwady and died after areign of twenty two years. During this reign several merchant ships were wrecked on Ramree Island and the crews, said to have been muslims called Arabs or Moors, were sent to Arakan proper that is, Wethali and settled in village”.
၁၀။ ၄င်းစာရေးသူက ဆက်လက်ရေးသားသည်မှာ “ They intermarried and intermixed with the indigenous races who claimed their religion and become muslims”. They adopted nationality of their wives and their properties to them (Wives). They built mosques and started missionary works. Islam became powerful in Arakan since then”.
၁၁။ စစ်တွေ Gazetteer ကိုရေးသားသူ R.B Smart မှာ အုပ်ချုပ်ရေးသမားတစ်ဦးဖြစ်သလို ၄င်း၏ နောင်တော် ဆရာကြီး Lieut- General Sir P. Phayre မှာ စစ်ဗိုလ်အုပ်ချုပ်ရေးသမားတစ်ဦးဖြစ် သည်။ ဝေသာလီခေတ်ကို ထူထောင်သော မဟာတိုင်းစန္ဒြား၏စတင် သက္ကရာဇ်နှင့်နန်းသက်ကို အေဒီ ၇၈၈ ဟုဖန်တီး သတ်မှတ်ထားသူမှာယင်းပုဂ္ဂိုလ်ကြီးပင်ဖြစ်ပါသည်။ (Phyre) ၏ကောင်းမှုကြောင့် ယနေ့တိုင် ရခိုင်ရာဇဝင် ခရစ်သက္ကရာဇ် သတ်မှတ်ချက်မှာ ကမောက်ကမ ဖြစ်နေပါသည်။)
မှတ်ချက်=ဆရာကြီးဦးရွှေဇံရွီးရေ "ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်သည့်လေ့လာချက်" စာအုပ်မှတိုက်ရိုက်ဖော်ပြခြင်းဖြစ်ပါသည်။ကျန်ရေအပိုင်းတိကို ဆက်ပနာတင်ပီးပါမေ။စာလုံးပေါင်းကို သီးခံလို့ဖြစ်ကတ်ပါ။
You need to be a member of Arakan to add comments!
Join this Ning Network